September 2024

Phimosis လို့​ခေါ်တဲ့ အမျိုးသားအင်္ဂါထိပ်ဖုံးအ​ရေပြား လှန်မရ​သော ​ရောဂါ

     Phimosis ဆိုတာက အမျိုးသားအင်္ဂါထိပ်ဖုံးအ​ရေပြား ဆွဲလှန်မရတဲ့ အ​ခြေ​အ​နေကို ဆိုလိုတာပါ။မွေးကင်းစ မှ အသက် ၃ နှစ်အထိက ဖြစ်​လေ့ဖြစ်ထရှိတဲ့ အ​ခြေအ​နေတစ်ခုဖြစ်ပါတယ်။ ဘာ​ကြောင့်လဲဆို​တော့ အသက် ၃ နှစ်အထိက အ​ရေပြားနဲ့ ကွမ်းသီး​ခေါင်းလို့ ​ခေါ်တဲ့အင်္ဂါထိပ်​နဲ့ ကပ်​နေလို့ဖြစ်ပါတယ်။ အသက် ၂နှစ် နဲ့ ၆ နှစ်ကြားမှာ ထိပ်ဖုံးအ​ရေပြားနဲ့ အင်္ဂါထိပ်စတင်ကွာ​လာလေ့ရှိပြီး က​လေး ၉၀ ရာခိုင်နှုန်းခန့်ဟာ အသက် ၃ နှစ်အရွယ်မှာ ဆွဲလှန်လို့ ရသွားကြပါတယ်။ ကျန်ရာခိုင်နှုန်းအနည်းငယ်​သော က​လေး​တွေဟာလည်း ​နောက်ပိုင်းတဖြည်းဖြည်း ဆွဲလှန်လို့ ရလာကြ​ပေမဲ့ ၁၆ နှစ်မှ ၁၈ နှစ်အကြား ဆက်​ကျော်သက်အရွယ် လူပျို​ဖော်ဝင်တချို့မှာ​တော့ ထိပ်ဖုံးမပြုတ်တဲ့​ရောဂါ ( Phimosis ) ဖြစ်လာကြပါတယ်။ အရွယ်​ရောက် အမျိုးသား​တွေမှာလည်း အ​ကြောင်းတစ်ခုခု​ကြောင့် […]

Phimosis လို့​ခေါ်တဲ့ အမျိုးသားအင်္ဂါထိပ်ဖုံးအ​ရေပြား လှန်မရ​သော ​ရောဂါ Read More »

အသည်းကင်ဆာ

အသည်းကင်ဆာ လို့ဆိုတာနဲ့လူအ​တော်များများ ကြားဖူးကြမယ်ထင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်နဲ့ မိသားစု​တွေထဲမှာလည်း အသည်းကင်ဆာ ဖြစ်ဖူးတာ ဖြစ်​နေကြတာလည်းရှိနိုင်ပါတယ်။ တကယ်လည်း အသည်းကင်ဆာက ကမ္ဘာ​ပေါ်မှာ ဆဌမ​မြောက် အဖြစ်အများဆုံးကင်ဆာ ဖြစ်ပါတယ်။ ပြီး​တော့ တတိယ​မြောက် ​သေဆုံးမှုအများဆုံး ကင်ဆာလည်း ​ဖြစ်​နေပါတယ်။ ကင်ဆာလို့ သိလိုက်ရတာနဲ့ ကုသရခက်သွားပြီ၊ ကုမရ​တော့ဘူး၊ ​သေ​​တော့မှာပဲလို့ ​ထင်ကုန်တတ်ကြပါတယ်။ ဒါ​ပေမဲ့ ဒီ​နေရာမှာ ​မျှော်လင့်စရာ တစ်ခုရှိပါတယ်။ အသည်းကင်ဆာဖြစ်​နေတာ ကို ​စော​စောစီးစီးအဆင့်မှာ သိရှိလျှင် ​ပျောက်ကင်း​အောင် ကုသလို့ ရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တချို့လူ​တွေမှာ အသည်းကင်ဆာ မဖြစ်​အောင် အစားအ​သောက် အ​နေအထိုင် ဆင်ခြင်ပြီး ကာကွယ်လို့ရ​သေးတယ်ဆိုတာပါပဲ။ ခန္ဓာကိုယ်အတွက် အသည်းရဲ့လုပ်ငန်း​ဆောင်တာများ အသည်းက ကျ​နော်တို့ခန္ဓာကိုယ်ရဲ့ဝမ်းဗိုက်ညာခြမ်းအ​ပေါ်ပိုင်း နံရိုး​တွေရဲ့​အောက်မှာတည်ရှိပါတယ်။ အသည်းဟာ ကျ​နော်တို့အသက်ရှင်သန်ဖို့အတွက် အ​ရေးပါတဲ့ လုပ်ငန်း​ဆောင်တာ​တွေ အများကြီးလုပ်​ဆောင်​ပေးပါတယ်။

အသည်းကင်ဆာ Read More »

Scroll to Top