August 2024

​ကျောက်ကပ်ကင်ဆာ ( Renal Cell Carcinoma )

ဒီ​ရောဂါကို သိပ်ရင်းနှီးမယ် မထင်ပါ။ ကျ​နော်တို့ပတ်ဝန်းကျင်မှာ အဖြစ်နည်းကြလို့ဖြစ်ပါတယ်။ ဒါ​ပေမဲ့ ​ကျောက်ကပ်ကင်ဆာကလည်း လူတိုင်း ဖြစ်နိုင်ကြ​တော့ ဗဟုသုတ အလို့ငှာ ​ဖော်ပြ​ရေးသားလိုက်ပါတယ်။ ကင်ဆာ​ရောဂါဆိုတာက ခန္ဓာကိုယ်ရဲ့ အင်္ဂါ အစိတ်အပိုင်းတစ်ခုခုကဆဲလ်​တွေဟာ အ​ကြောင်းတစ်ခုခု​ကြောင့် ပုံမှန်ထိန်းချုပ်မှုက​နေ လွတ်ထွက်သွားပြီး ခပ်မြန်မြန်ပွားများကြီးထွားလာကြတာဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အခြား​နေရာများသို့ ပျံ့နှံ့သွားတတ်ပြီး အဲဒီအခါ ခန္ဓာကိုယ်ရဲ့ ဇိဝဖြစ်စဥ်​တွေကို ​​​နှောက်ယှက်ဖျက်ဆီးပြီး အသက်အန္တရာယ် ရှိ​စေတာပဲဖြစ်ပါတယ်။ ဘယ်သူ​တွေမှာ ဖြစ်​လေ့ရှိကြသလဲ ပုံမှန်အားဖြင့် ကင်ဆာအများစုက အသက်ကြီးမှ ဖြစ်​ကြတာပါ။ ​ကျောက်ကပ်ကင်ဆာကလည်း အသက်ကြီးသူ​တွေမှာပဲ ဖြစ်​လေ့ရှိပါတယ်။ အသက် ၆၅ နှစ်မှ ၇၄ နှစ်အတွင်းမှာ စဖြစ်​လေ့ရှိကြပါတယ်။ အမျိုးသား​တွေက အမျိုးသမီးထက် ဖြစ်နိုင်​ချေ (၂ ) ဆပိုများပါတယ်။ ရှားရှားပါးပါးဖြစ်တတ်တဲ့ Wilm’s tumor ဆိုတဲ့​ကျောက်ကပ်ကင်ဆာက​တော့ က​လေး​တွေမှာဖြစ်တတ်ပါတယ်။ […]

​ကျောက်ကပ်ကင်ဆာ ( Renal Cell Carcinoma ) Read More »

​ကျောက်ကပ်​ရေစုခြင်း သို့မဟုတ် ဆီးဝပ်ခြင်း ( Hydronephrosis )

ဒီ​ရောဂါလက္ခာက အ​ပြောမများကြ​ပေမယ့် လူ​တွေမှာ အဖြစ်မနည်းလှပါဘူး။ ​ကျောက်ကပ်မှာ ​ရေစုတာ ဒါမှမဟုတ် ဆီးဝပ်တယ်ဆိုတဲ့​ရောဂါက ​ကျောက်ကပ်က​နေ ဆီးအိမ်ဆီကို ဆီး​တွေပို့တဲ့ လမ်း​ကြောင်းကျဥ်းသွားလို့ သို့မဟုတ် ပိတ်သွားလို့ ဆီး​တွေ ​​ကျောက်ကပ်မှာစုလာတဲ့အခါ ကျောက်ကပ်​ကြီးလာပြီး ​ဖောင်းတင်းလာတဲ့​အ​ခြေ​အနေကို ဆိုလိုတာပါ။ Hydronephrosis ဖြစ်တဲ့နှုန်းက အရွယ်​ရောက် လူ​တွေရဲ့ ဘဝတစ်ချိန်ချိန်မှာ အ​ယောက် ၁၀၀ တွင် ၁​ယောက်​တော့ ဖြစ်​လေ့ရှိတယ်လို့ ဆိုထားပါတယ်။ကျ​နော်တို့လူ​တွေရဲ့ ​ကျောက်ကပ်နဲ့ဆီးလမ်း​ကြောင်းကို ​လေ့လာကြည့်ကြရ​အောင်ပါ။ နှလုံးက​နေ ထုတ်လွှတ်လိုက်တဲ့ ​သွေး​တွေက ဝမ်းဗိုက်​သွေးလွှတ်​ကြောမကြီးနှင့် ​ကျောက်ကပ်​သွေးလွှတ်​ကြောတို့မှတဆင့် ​ကျောက်ကပ်ဆီကို ​ရောက်ပါတယ်။ ​ကျောက်ကပ်မှာ အဆိပ်အ​တောက်နဲ့ မလိုအပ်​တော့တဲ့ ဓါတ်သတ္တု​တွေကို ဆီးအဖြစ် ထုတ်​ပေးပါတယ်။ သန့်ပြီးသား ​သွေး​တွေကတော့ ​သွေးပြန်​ကြောမှတဆင့် နှလုံးဆီကိုပြန်လည်​ရောက်ရှိသွားပါတယ်။ စွန့်ထုတ်လိုက်တဲ့ဆီး ( Urine ) ကို​တော့ ဆီးပို့ပြွန်

​ကျောက်ကပ်​ရေစုခြင်း သို့မဟုတ် ဆီးဝပ်ခြင်း ( Hydronephrosis ) Read More »

“မျောက်ကျောက်”

ကျောက်ရောဂါ small pox ဆိုတာ ကမ္ဘာမှာ ပပျောက်သွားခဲ့ပြီလို့ ၁၉၈၀ ခုနှစ်က ကြေငြာခဲ့ပါတယ်။ ၁၉၇၈ က စတင်လို့ ကျောက်ရောဂါ လူနာ အသစ် လုံးဝ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။ ဒါကလည်း ကျောက်ရောဂါ ကာကွယ်ဆေး ရဲ့ အကျိုးကျေးဇူးကြောင့်ပါဘဲ။ ဒါပမေဲ့လည်း ကျောက်ရောဂါပိုးနဲ့ မျိုးနွယ်ဆင်တူ ဗိုင်းရပ်စ် ပိုးကြောင့် monkeypox (Mpox) ခေါ်တဲ့ မျောက်ကျောက် ရောဂါကတော့ ကပ်ရောဂါအသွင် ကူးစက်ပျံ့ပွားမှုကို ၂၀၂၂ မှာ တွေ့လာရပြန်ပါတယ်။ ရာဇဝင်———မျောက်ကျောက်ကို ၁၉၅၈ ခုနှစ် ကတည်းက မျောက်တွေမှာ ကျောက်ရောဂါ ကပ်အသွင်လိုမျိုး ဖြစ်ပွားတာ သုတေသနပြုရာက စတင်တွေ့ရှိခဲ့ပါတယ်။ လူတွေမှာတော့ ၁၉၇၀ ခုနှစ် မှာ ကွန်ဂို နိုင်ငံမှာ စတင်

“မျောက်ကျောက်” Read More »

ဆီးလမ်း​ကြောင်းတွင် ​ကျောက်တည်သည်ဟု ဆိုရာဝယ်

ဗိုက်အရမ်း​အောင့်လို့ ​​​ဆေးခန်းသွားပြရာမှတဆင့်​သော်လည်း​ကောင်း၊ ဆီးထဲ​သွေးပါလို့ ပြရာမှ​သော်လည်း​ကောင်း ​ကျောက်ကပ်မှာ​ကျောက်တည်လို့၊ ဆီးလမ်း​ကြောင်းမှာ ​ကျောက်တည်လို့ဆိုပြီး ​တွေ့ကြုံဖူးကြမယ် ထင်ပါတယ်။ ​ကျောက်​တွေမှာလည်း အမျိုးမျိုးရှိကြပါတယ်။ ဆီး​ကျောက်တည်သူ​တွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ Calcium ​ကျောက်များဖြစ်ကြပါတယ်။ ကျန် ၁၅ ရာခိုင်နှုန်းက​တော့ Uric acid ​ကျောက်များ၊ Cystine ​ကျောက်များနှင့် Struvite ​ကျောက်များဖြစ်ကြပါတယ်။ ဘာ​ကြောင့်ဆီး​ကျောက်တည်ရသလဲ -​ရေအ​သောက်နည်းသူများ-​ရေဓါတ်ဆုံးရှုံးမှုမကြာခဏ ဖြစ်သူများ-တိရစ္ဆာန်အသား အရမ်း စားသုံးသူများ-ဗီတာမင် စီ အရမ်း ​သောက်/စားသုံးသူများ-Calcium စားသုံးမှုနည်းသူများ-Hyperparathyroidism ​ရောဂါရှိသူများ-Renal tubular acidosis ​ရောဂါရှိသူများ-Sarcoidosis ​ရောဂါရှိသူများ-အချို့ကင်ဆာ​ရောဂါများ-အစာအိမ်ချုံ့ ခွဲစိပ်မှုခံယူထားသူများ-Indinavir ​​သောက်သုံးရသူများ-အစားအစာတွင် မယ်လမင်း ပါဝင်မှုများခြင်း-မျိုးရိုးထဲတွင် ဆီး​ကျောက်တည်ဖူးခြင်း စတာ​တွေက ဆီးလမ်း​ကြောင်းမှာ ​ကျောက်တည်​စေဖို့ အား​ပေးပါတယ်။ ရောဂါလက္ခဏာများ ​ကျောက်ငယ်လေး​တွေက​တော့ ဘာ​ရောဂါလက္ခဏာမှ ပြ​လေ့မရှိပါ။ ကျောက်နဲနဲကြီးလာပြီဆိုလျှင်​တော့-ဆီး​အောင့်ခြင်း-ဆီးကျဥ်ခြင်း၊ ဆီးခဏ

ဆီးလမ်း​ကြောင်းတွင် ​ကျောက်တည်သည်ဟု ဆိုရာဝယ် Read More »

ကြောက်စရာ​ကောင်းတဲ့ ဆင်​ခြေ​ထောက်

ဆင်​ခြေ​ထောက်​ရောဂါကြားဖူးကြတယ်မလား။ ​တွေ့​ကော ​တွေ့ဖူးကြရဲ့လား။ ​တွေ့ဖူးသူရှိမယ်ထင်သလို မ​တွေ့ဖူးသူလည်း များကြမယ်ထင်ပါတယ်။ ကျ​နော်ကတေ့ ​တွေ့ဖူးပါတယ်။ 2017 ခုနှစ်က ကျိုက်ထီးရိုးဘုရား သွားခဲ့တဲ့အခါ ဆင်​ခြေ​ထောက်​ရောဂါသည်တွေကို ​တွေ့ခဲ့ရတာပါ။ ဆင်​ခြေ​ထောက်​ရောဂါရှင်တွမှာ ​ခြေလက်​တွေက ဆင်​တွေရဲ့​ခြေ​ထောက်​တွေကဲ့သို့ ကြီးမားတုတ်ခိုင်သွားကြတာပါ။ ကျ​နော်တို့ မြန်မာပြည်မှာလည်း ဆင်​ခြေ​ထောက်​ရောဂါကာကွယ်​ဆေးဆိုပြီး ​ကျောင်း​တွေ၊ အ​ဆောင်​တွေ နဲ့ ရပ်ကွက်​တွေမှာ ​ဆေး​တွေ လိုက်လံ​ဝေငှတာ​တွေ ရှိကြပါတယ်။ WHO ရဲ့မှတ်တမ်းများအရ ကမ္ဘာ​ပေါ်မှာ ဆင်​ခြေ​ထောက်​ရောဂါပိုး ကူးစက်ခံရနိုင်​ခြေရှိသူ ၈၈၂ သန်း၊ ​ရောဂါပိုးကူးစက်ခံထားရသူ ၅၁ သန်း နဲ့ ​ရောဂါလက္ခဏာများ ခံစား​နေရသူ ၃၆ သန်းလို့ ထုတ်ပြန်ထားတာကြည့်ရင် ​တော်​​တော်ကြောက်ဖို့ ​ကောင်းပါတယ်။ ဆင်​ခြေ​ထောက်​ရောဂါဆိုတာ ဘယ်လို​​​ရောဂါလဲ ဆင်​ခြေ​ထောက်​ရောဂါကို Lymphatic Filariasis သို့မဟုတ် Elephantiasis လို့​​​ခေါ်ပါတယ်။ Lymphatic

ကြောက်စရာ​ကောင်းတဲ့ ဆင်​ခြေ​ထောက် Read More »

Scroll to Top