July 2024

ခေါင်းတစ်ခြမ်းကိုက်ရောဂါ ( Migraine ) ဆိုတာ

လူတိုင်းနီးပါး ခေါင်းကိုက်ဝေဒနာ ခံစားဖူးကြမယ် ထင်ပါတယ်။ သွေးတိုးလို့ခေါင်းကိုက်တာ၊ ဖျားလို့ခေါင်းကိုက်တာ၊ ဦးဏှောက်အမြှေးရောင်လို့ ခေါင်းကိုက်တာ၊ စိတ်ဖိစီးမှုများလို့ ခေါင်းကိုက်တာ အစရှိသည်ဖြင့် ခေါင်းကိုက်စေတဲ့ ရောဂါ အများကြီးရှိကြပါတယ်။ ခေါင်းကိုက်စေတဲ့ ရောဂါတွေထဲမှ ခေါင်းတစ်ခြမ်းကိုက် ( Migraine ) ရောဂါအကြောင်း ဗဟုသုတ ရစေဖို့ ဖော်ပြပေးသွားမှာပါ။ ခေါင်းတစ်ခြမ်းကိုက်လို့ ခေါ်တဲ့အတိုင်းပဲ ခေါင်းတစ်ခြမ်းထဲပဲကိုက်တာပါ။ ရောဂါလက္ခဏာများ -ခေါင်းတစ်ခြမ်းကိုက်ခြင်း ( နားထင်နားမှာ အဖြစ်အများဆုံးပါ )-ပြည်တည်နာကိုက်သကဲ့သို့ ကိုက်ခြင်း‌၊ နှလုံးခုန်သံကဲ့သို့ စည်းချက်မှန် တဆစ်ဆစ်ဖြင့်ကိုက်ခြင်း၊ သွေးကြောပေါက်ထွက်သွားမတတ်ကိုက်ခြင်း-ခေါင်းကိုက်ဝေဒနာက အနည်းဆုံး ၄ နာရီ မှ ၃ ရက် ၇ရက်ခန့်ကြာသည်အထိကိုက်နေခြင်း စသည်ဖြင့် တမျိုးမျိုး ခံစားနေရမှာပါ။ အမျိုးသမီးများက အမျိုးသားထက် ပိုမို ဖြစ်လေ့ရှိပါတယ်။အသက် ၁၀ နှစ်မှ ၄၅ […]

ခေါင်းတစ်ခြမ်းကိုက်ရောဂါ ( Migraine ) ဆိုတာ Read More »

ပုခုံးကိုက်၊ ပုခုံးခဲခြင်း ( Frozen Shoulder )

ပုခုံးနာ၊ ပုခုံးကိုက်၊ ပုခုံးခဲခြင်း ( Frozen Shoulder ) ဆိုတာက လက်​မောင်းအရင်းပိုင်း နာကျင်ကိုက်ခဲမှုကို ခံစားရပြီး လက်​မောင်း ​ကောင်းမွန်စွာလှုပ်ရှားလို့ မရတဲ့ ​​ရောဂါဖြစ်ပါတယ်။ ဘာ​ကြောင့် ပုခုံးကိုက်လာတာလဲဆို​တော့ လက်​မောင်းအဆစ်မှာရှိတဲ့ အရွတ်​တွေ​ရောင်ရမ်းတင်းခဲလာတဲ့အတွက်​ကြောင့် ​ဝေဒနာ​တွေ ​ပေါ်လာတာဖြစ်ပါတယ်။ လက်​​မောင်းမှာ ရှိ​နေတဲ့ အရိုး​တွေ အရွတ်​တွေ ကြွက်သား​တွေကို ကြည့်လိုက်လျှင် ဒီလို​တွေ့ရမှာဖြစ်ပါတယ်။ လက်​မောင်းရိုးထိပ်၊ ညှပ်ရိုးထိပ်နဲ့ လက်ပျဥ်ရိုးရဲ့ထိပ်ဝ​လေး​တွေ ပါ ပါမယ်။အဲဒိအရိုး ၃ ခုကို Supraspinatus, infraspinatus,teres minor, teres minor နဲ့ subscapularis လို့​ခေါ်တဲ့ ကြွက်သား ​တွေရဲ့ အ​ကြော​တွေက ချိတ်ဆက်​ပေးထားတာဖြစ်ပါတယ်။ Supraspinatus ကြွက်သားရဲ့အ​ကြော ( Tendon ) က လက်​မောင်းထိပ်ရိုးကို အ​ပေါ်က​နေတွယ်​ပေးထားတာဖြစ်ပါတယ်။

ပုခုံးကိုက်၊ ပုခုံးခဲခြင်း ( Frozen Shoulder ) Read More »

ကာလဝမ်း​ရောဂါ ( Cholera ) အ​ကြောင်း သိ​ကောင်းစရာများနှင့် ကမ္ဘာ့ကပ်​ရောဂါ အသွင် ဖြစ်ပွားခဲ့မှုများ

ကာလဝမ်း​ရောဂါဆိုတာ Vibrio Cholera ​ဘက်တီးရီးယား ရောဂါပိုး​ကြောင့် ဝမ်းပျက်ဝမ်း​လျှောဖြစ်တာကို ဆိုလိုပါတယ်။ ဝမ်းပျက်ဝမ်း​လျှောဖြစ်တိုင်း ကာလဝမ်း​ရောဂါမဟုတ်ပါ။ ဝမ်း​ပျက်ဝမ်း​လျှော​စေတဲ့ အခြား​ရောဂါပိုး​တွေလည်းရှိပါ​သေးတယ်။ WHO ရဲ့မှတ်တမ်းများအရ ကမ္ဘာ​ပေါ်မှာ နှစ်စဥ် ကာလဝမ်း​ရောဂါဖြစ်ပွားမှုက ၁.၃ သန်း နဲ့ ၄ သန်းကြား ဖြစ်​နေပြီး နှစ်စဥ် ၂၁၀၀၀ နဲ့ ၁၄၃၀၀၀ ကြား​သေဆုံး​နေကြပါတယ်။ ကာလဝမ်း​ရောဂါက တစ်ကမ္ဘာလုံးကပ်​ရောဂါအသွင်နဲ့ ဖြစ်တာ ၇ ကြိမ်​မြောက်ရှိ​နေပါပြီ။ ခရစ်နှစ် ၁၈၁၇ က​နေစတင်ဖြစ်ပွါးလာခြင်းဖြစ်ပါတယ်။ အခုလက်ရှိ ၇ ကြိမ်​မြောက် ကပ်​ရောဂါက ၁၉၆၁ က​နေ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခုချိန်ထိ မပြီး​သေးဘဲ ကမ္ဘာ​ပေါ်မှာ ဆက်လက်ဖြစ်ပွား​နေဆဲပါ။ ဒီ​ရောဂါက စစ်မက်ဖြစ်ပွား​နေတဲ့နိုင်ငံ​တွေ၊ ဆင်းရဲမွဲ​တေ​နေတဲ့နိုင်ငံ​တွေ၊ ရုတ်တရက်သဘာဝ​ဘေးအန္တရာယ်ကျ​ရောက်​နေတဲ့ (​ရေကြီး ​ရေလျှံ၊ ငလျင်ဒဏ် ) နိုင်ငံ​တွေမှာ

ကာလဝမ်း​ရောဂါ ( Cholera ) အ​ကြောင်း သိ​ကောင်းစရာများနှင့် ကမ္ဘာ့ကပ်​ရောဂါ အသွင် ဖြစ်ပွားခဲ့မှုများ Read More »

Vacancy Announcement(009/EHSSG 2024)

EHSSG is looking for a motivated and reliable individual to fill the position of “Mobile App Developer”.Deadline: 31th July 2024, 5PM (Bangkok Time). Interested individuals are requested to submit a CV including a cover letter and contact details of tworeferences (No other supporting documents are required at this stage) to EHSSG’s Human Resources Team atEHSSG

Vacancy Announcement(009/EHSSG 2024) Read More »

အူမကြီးကင်ဆာရောဂါအ​ကြောင်း သိ​ကောင်းစရာများ

ကမ္ဘာ့ကင်ဆာသု​တေသန ရံပုံ​ငွေအဖွဲ့၏ ၂၀၂၀ မှတ်တမ်းအရ အူမကြီးကင်ဆာသည် အမျိုးသမီးများတွင် ဒုတိယအဖြစ်အများဆုံးကင်ဆာ၊ အမျိုးသားများတွင် တတိယအဖြစ်အများဆုံးကင်ဆာဟု ထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘာပါတွင်မက မြန်မာနိုင်ငံမှာလည်း အူမကြီးကင်ဆာ ​ရောဂါက ဖြစ်​နေတာပါ။ အူမကြီးကင်ဆာဆိုတာ ဘယ်​နေရာ​တွေမှာ ဖြစ်တာလဲ၊ ဘယ်လို​ရောဂါ လက္ခဏာ​တွေ ခံစားကြရသလဲ ဆိုတာ ​လေ့လာကြည့်ကြပါစို့။ အူမကြီးကင်ဆာဆိုတာ အူမကြီး ( Large intestine ) နဲ့ စအိုအရင်းပိုင်း ( Rectum ) တို့မှာ ကင်ဆာဖြစ်​နေလျှင် အူမကြီးကင်ဆာလို့ခေါ်ကြပါတယ်။ ​ရောဂါလက္ခဏာများ အခြားကင်ဆာ​ရောဂါများကဲ့သို့ပင် အူမကြီးကင်ဆာရောဂါဖြစ်​နေ​သော်လည်း အ​စောပိုင်းမှာ ​ရောဂါလက္ခဏာများ ခံစားရ​လေ့မရှိပါ။ ဝမ်းသွား​သောအခါ ​သွေးပါလာမှသာ သိရှိ​လေ့ရှိကြပါတယ်။ အဖြစ်များ​သော ​ရောဂါလက္ခဏာ​တွေက​တော့-ဝမ်းသွားလျှင် ​သွေးပါခြင်း-ဝမ်းအ​လေ့အကျင့်များ က​ပြောင်းကပြန်ဖြစ်ခြင်း ( ဝမ်းလွယ်သူများတွင် ဝမ်းချုပ်ခြင်း၊ ဝမ်းချုပ်သူများတွင် ဝမ်းပျက်ခြင်း

အူမကြီးကင်ဆာရောဂါအ​ကြောင်း သိ​ကောင်းစရာများ Read More »

Scroll to Top