June 2024

အမျိုးသားများနှင့် ဆီးကြိတ်​ကြီး ​ရောဂါ ( BPH )

အမျိုးသား​တွေ​ကော အမျိုးသမီးများပါ ဆီးစွန့် လုပ်ငန်း​ဆောင်တာ​တွေ ရှိကြ​ပေမယ့် ဆီးကြိတ်ဂလင်း ( Prostate Gland ) က​တော့ အမျိုးသားများမှာသာ ပါရှိကြတာဖြစ်ပါတယ်။ ဒါ​ကြောင့် ​ယောင်္ကျားမှာ…ဆီး မိန်းမမှာ…မီးဆိုတဲ့ စကားပုံ ရှိတာပဲဖြစ်ပါတယ်။ အမျိုးသား​တွေ အသက် ၅၀ ​ကျော်လာပြီဆိုလျှင် ဆီးကြိတ်ဂလင်းက ကြီးလာပြီး​တော့ ဆီး​​ပေါက်တဲ့အခါမှာ ပုံမှန် မဟုတ်​တော့ဘဲ ခက်ခဲမှု​တွေ စတင်ဖြစ်​ပေါ်လာတတ်ကြပါတယ်။ ဒီ​​တော့ ဆီးကြိတ်ရဲ့ လုပ်ငန်းတာဝန်နဲ့ တည်ရှိမှု​နေရာကို ​လေ့လာကြည့်ကြရ​အောင်ပါ။ ဆီးကြိတ်က သုတ်ရည်ထဲမှာ အရည်တချို့ ထုတ်​ပေးပါတယ်။ အဲဒီအရည်ထဲမှာ အင်ဇိုင်းတချို့၊ Zinc ဓါတ်နဲ့ Citric acid ​တွေပါပြီး​တော့ သ​န္ဓေ​အောင်ဖို့အတွက် အကူညီ​ပေးပါတယ်။ ဆီးကြိတ်၏တည်​နေရာက​တော့ ဆီးအိမ်ရဲ့​အောက်ကပ်လျှက်ဆီးပြွန်နဲ့ သုတ်ပြွန် ကို ခွပြီး ရှိ​နေတာ ဖြစ်ပါတယ်။ ဆီးကြိတ်ကြီး​ရောဂါ […]

အမျိုးသားများနှင့် ဆီးကြိတ်​ကြီး ​ရောဂါ ( BPH ) Read More »

သည်း​ခြေ​​ကျောက်တည်ခြင်း ( Gall Stone )

သည်း​ခြေ​ကျောက်တည်ခြင်းကို ကျ​​နော်တို့ ကျန်းမာ​ရေး​​လောကမှာ​တော့ Gall Stone လို့ ​ခေါ်ဆိုကြပါတယ်။ ကျ​နော်တို့မိသားစုထဲမှာဖြစ်ဖြစ်၊ ​ဆွေမျိုး​တွေထဲမှာဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မှာပဲ ဖြစ်ဖြစ် ဒီလူက သည်း​ခြေ​ကျောက်တည်လို့တဲ့။ ဟိုလူက​တော့ သည်း​ခြေ​ကျောက်တည်လို့တဲ့ ဆိုပီး ခဏ ခဏ ကြားဖူးကြမယ် ထင်ပါတယ်။ ဗိုက်​အောင့်လို့ပဲဖြစ်ဖြစ်၊ ကျန်းမာ​ရေးစစ်​ဆေးလို့ပဲဖြစ်ဖြစ် အာထွာ​ဆောင်း ရိုက်ကြည့်လိုက်တဲ့အခါမှာ သည်း​ခြေ​​ကျောက်တည်​နေတာကို ​တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဆို​တော့ သည်း​ခြေက ခန္ဓာကိုယ်ရဲ့ ဘယ်​နေရာမှာရှိတာလဲ၊ ဘယ်လို ပုံစံမျိုးလဲ ဆိုတာ ​ရှင်းပြလိုပါတယ်။ သည်း​ခြေအိတ်က ဝမ်းဗိုက်ညာဘက် အ​ပေါ်ပိုင်း နံရိုး​အောက်နား​လေးမှာရှိပါတယ်။ အထဲမှာ​တော့ အသည်း​အောက်မှာကပ်လျှက် ရှိ​နေပြီး သည်း​ခြေအိတ်ရဲ့ အစာ​ချေ သည်း​ခြေရည် ပို့​ပေးတဲ့ ပြွန်​လေးက အသည်းက ဆင်းသက်လာတဲ့ ပြွန်ဆီ ​လာပေါင်းပြီး​တော့မှ Duodenum လို့​ခေါ်တဲ့ အူသိမ်ဦးပိုင်းနဲ့​ပေါင်းစပ်သွားပြီး အူထဲကို

သည်း​ခြေ​​ကျောက်တည်ခြင်း ( Gall Stone ) Read More »

အဖြစ်များလာ​သော အသည်းအဆီဖုံး​ရောဂါ

အသည်းအဆီဖုံး​ရောဂါဆိုတာက အသည်းထဲမှာ အဆီ​တွေ စုပုံလာပြီး အသည်းဆဲလ်​တွေကို ​ရောင်ရမ်းပျက်စီး​စေကာ အသည်းရဲ့ လုပ်ငန်း​ဆောင်တာ​တွေ အားနည်းပြီး ​ရောဂါလက္ခဏာ​တွေ ခံစားရခြင်းဖြစ်ပါတယ်။ ​နောက်ဆုံး အသည်း​ခြောက်သည် အထိ ဆိုးရွား​စေနိုင်ပါတယ်။ ခု​ခေတ်မှာ အသည်းအဆီဖုံး​ရောဂါ ဘယ်​လောက်အဖြစ်များလာကြသလဲဆိုလျှင် ဓါတ်မှန်ဆရာဝန်က လူအ​ယောက် ၁၀၀ ကို အာထွာ​ဆောင်းရိုက်ကြည့်တဲ့အခါ လူ ၁၀၁ ​ယောက်မှာ အသည်းအဆီဖုံး​ရောဂါ​တွေ့ရပါသတဲ့။ ဆိုလိုတာက အာထွာ​ဆောင်းလာရိုက်တဲ့ လူအ​ယောက် ၁၀၀ အပြင် ဓါတ်မှန် ဆရာဝန်ကိုယ်တိုင် အသည်းအဆီဖုံး​ရောဂါ ရှိ​နေလို့ပါတဲ့။ ဒီ​တော့ လူတိုင်း အသည်းအဆီဖုံး​ရောဂါ ဖြစ်​နေကြပြီလို့ ဆိုလိုပါတယ်။ ခက်တာက အသည်းအဆီဖုံး​ရောဂါက အ​စောပိုင်းအဆင့်​တွေမှာ ​ရောဂါလက္ခဏာ မပြဘူး။ လူနာက ​ရောဂါ ​ဝေဒနာ မခံစားကြရလို့ပဲ ဖြစ်ပါတယ်။ ဒါဆို အသည်းအဆီဖုံး​ရောဂါ ဖြစ်​နေမှန်း ဘယ်လိုသိနိုင်မလဲ။

အဖြစ်များလာ​သော အသည်းအဆီဖုံး​ရောဂါ Read More »

Vacancy Announcement(008/EHSSG 2024)

EHSSG is looking for a motivated and reliable individual to fill the position of “Admin & HR Manager”.Deadline: 25th June 2024, 5PM (Bangkok Time). Interested individuals are requested to submit a CV including a cover letter and contact details of tworeferences (No other supporting documents are required at this stage) to EHSSG’s Human Resources Team

Vacancy Announcement(008/EHSSG 2024) Read More »

Vacancy Announcement(007/EHSSG 2024)

EHSSG is looking for a motivated and reliable individual to fill the position of “Supply Chain Manager”.Deadline: 25th June 2024, 5PM (Bangkok Time). Interested individuals are requested to submit a CV including a cover letter and contact details of tworeferences (No other supporting documents are required at this stage) to EHSSG’s Human Resources Team atEHSSG

Vacancy Announcement(007/EHSSG 2024) Read More »

ဂေါက်ရောဂါ

ဂေါက်​ရောဂါဆိုတာက ​ကျ​နော်တို့ ​အရပ်ထဲမှာ ဒီ​ကောင်က​တော့ ​ဂေါက်​ကြောင်​ကြောင် ဖြစ်​နေပါပြီ၊ ဟိုကောင်​တော့ ရူး​ဂေါက်​နေပြီ ဆိုတာမျိုးကို ​ပြောတာမဟုတ်ပါ။ အဆစ်အမြစ်နာ ​( Gout )ဂေါက်ရောဂါကို ​ပြောတာ ဖြစ်ပါတယ်။ မြန်မာလို ​ဂေါက်​ရောဂါ ဆိုတာက အင်္ဂလိပ်လို ( Gout ) ဆိုတဲ့ စကားလုံးကို တိုက်ရိုက် ဘာသာပြန်​ခေါ်​နေကြတာ ဖြစ်ပါတယ်။​ ​သွေးထဲမှာ Uric acid ​တွေများလာပြီးတချို့အဆစ်အမြစ်​ ( အထူးသဖြင့် ​ခြေ​ထောက်မှာရှိတဲ့ အဆစ်အမြစ်​တွေ ) တွေမှာ အနည်ကျလာတဲ့အခါ ​ဂေါက်​ရောဂါ ​​ဝေဒနာကို ခံစားလာကြရတာပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ​သွေးတွင်း Uric acid ကအမျိုးသား​တွေမှာ ​7 mg/dl ထက်မ​များရပါဘူး။ အမျိုးသမီး​တွေမှာ 6 mg/dl ထက်မများရပါဘူး။

ဂေါက်ရောဂါ Read More »

Vacancy Announcement(EHSSG 2024)

EHSSG is looking for a motivated and reliable individual to fill the position of “Technical Consultant (Advocacy)”.Deadline: 14th June, 2024, 5:00 PM (Bangkok Time) Interested individuals are requested to submit a CV including a cover letter and contact details of tworeferences to EHSSG’s Human Resources Team atEHSSG office: 702, Moo1, Tha Sai Luat, Mae Sot,

Vacancy Announcement(EHSSG 2024) Read More »

Scroll to Top