May 2024

​ပွေး ညှင်း ဒက် နှင့် အ​ရေပြားမှိုစွဲ​ရောဂါများ

ပွေး၊ညှင်း၊ဒက် ​ရောဂါ​တွေဆိုတာ ကျ​နော်တို့ပတ်ဝန်းကျင်မှာအဖြစ်များလှတယ်ဆိုတာ ​တွေ့ကြမှာပါ။ ကိုရင်​လေး​တွေမှာ သပိတ်​ပြောင်​အောင်မ​ဆေးလို့ ဒက်​ပေါက်တာ ဆိုပြီး​တော့ အရပ်ထဲမှာ ​ပြော​လေ့ရှိတာလည်း ကြားဖူးကြမှာပါ။အဲဒါက ယူဆချက် အမှားဖြစ်ပါတယ်။ ‌ဒါဆို အမှန်တွေဖတ်ကြည့်ကြစို့။ အ​ရေပြားမှိုစွဲ​ရောဂါ​တွေက ကူးစက်တတ်သလား ​ သေချာ​ပေါက် ကူးစက်​ရောဂါ​တွေဖြစ်ပါတယ်။ ညှင်းက​တော့ တ​ယောက်ဆီက​နေ ​နောက်တ​ယောက်ထံ မကူးစက်တတ်ပါဘူး။ ဘာ​ကြောင့် အ​ရေပြားမှိုစွဲ​ရောဂါ​တွေ ဖြစ်ရတာလဲ -​အ​ရေပြားမှိုစွဲ​ရောဂါဖြစ်​နေသူက​နေ အခြားလူ​တွေကို ကူးစက်တတ်တယ် -တခြားအိမ်​မွေးတိရိစ္ဆာန်​တွေဆီမှတဆင့် -​ရောဂါဖြစ်​နေသူရဲ့ တကိုယ်​ရေသုံး ပစ္စည်းများမှတဆင့် -​မြေကြီး မှတဆင့် (ဖိနပ်မပါဘဲ သွားလာ လှုပ်ရှားခြင်း ) -ကိုယ့်ခန္ဓာကိုယ်​ပေါ်မှာ ပုံမှန်ရှိ​နေ​သောမှိုပိုးများက ​ရောဂါဖြစ်​စေခြင်း( ခုခံအားကျဆင်းသွား​သောအခါ) အထက်​ဖော်ပြပါ အ​​ခြေအ​နေများမှတဆင့် ကူးစက်ခံကြရတာပဲ ဖြစ်ပါတယ်။ မှို​ရောဂါ​တွေက မည်သူ​တွေမှာ ဖြစ်​စေတာလဲ -ပူ​နွေးစိုစွတ်​သော ရာသီဥတုမှာ ​နေထိုင်လုပ်ကိုင်သူ​များ-အဝတ်အစားအကြပ်၊ ဖိနပ်အကြပ် […]

​ပွေး ညှင်း ဒက် နှင့် အ​ရေပြားမှိုစွဲ​ရောဂါများ Read More »

သားအိမ်မှာအလုံးအကြိတ်တည်ခြင်းနှင့် ဖြစ်လာတတ်​သော ​နောက်ဆက်တွဲ ဆိုးကျိုးများ

အမျိုးသမီးအချို့ ဗိုက်​အောင့်တာ မ​ပျောက်လို့ပဲဖြစ်ဖြစ်၊ ​သွေးဆင်းများ​နေလို့ပဲဖြစ်ဖြစ် သားဖွားမီးယပ် ဆရာဝန်​တွေနဲပြသစစ်​ဆေးပြီးတဲ့အခါ သားအိမ်မှာ အလုံးရှိ​နေ​တာ​ကြောင့် ဖြစ်​နေတာဆိုပြီး ကြားဖူးကြမယ် ထင်ပါတယ်။သားအိမ်မှာ အလုံး၊ အကြိတ် ​တည်​နေလို့ဆိုတဲ့​နေရာမှာ ရိုးရိုး အကြိတ်နဲ့ ကင်ဆာကြိတ် ဆိုပြီး ရှိ​ပေမဲ့ ဒီတစ်ပတ်မှာ​တော့ ရိုးရိုးအကြိတ် အ​ကြောင်းကို ​ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ကင်ဆာမဟုတ်တဲ့ ရိုးရိုးသားအိမ်အကြိတ်​တွေကို​တော့ Uterine fibroids သို့မဟုတ် Myoma လို့ ​ခေါ်ကြပါတယ်။ သားအိမ်မှာ အလုံး​တွေ ဘာကြောင့် ဖြစ်လာတာလဲ သားအိမ်​​တွေမှာ ဘာ​ကြောင့် အလုံး​အကြိတ်တွေ ဖြစ်လာရသလဲဆိုတာ ​သေ​သေချာချာ မ​ပြောနိုင်​ပေမဲ့ ​အောက်ပါ အချက် ၃ ချက် ​ကြောင့် ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။ ၁–Genetic factors လို့​ခေါ်တဲ့ မျိုးရိုးဗီဇ​တွေနဲ့ သက်ဆိုင်နိုင်တယ်။၂– အမျိုးသမီး​ဟော်မုန်း​တွေဖြစ်တဲ့ Oestrogen

သားအိမ်မှာအလုံးအကြိတ်တည်ခြင်းနှင့် ဖြစ်လာတတ်​သော ​နောက်ဆက်တွဲ ဆိုးကျိုးများ Read More »

သားအိမ်​ခေါင်းကင်ဆာ

သားအိမ်​ခေါင်းကင်ဆာဆိုတာ လူအ​တော်များများ ကြားဖူးကြမယ်လို့ထင်ပါတယ်။ ဒါ​ပေမယ့် သားအိမ်​ခေါင်းဆိုတာ ဘယ်​နေရာမှာရှိတာလဲ ဘယ်အရာကို သားအိမ်​ခေါင်းလို့ ​ခေါ်ကြသလဲ ဆိုတာ ​သေချာသိကြမယ် မထင်ပါဘူး။ ဒါ​ကြောင့် ​သေချာ သိကြရ​​စေဖို့ ပုံ​လေးနဲ့ ရှင်းပြလိုက်ပါတယ်။သားအိမ်ခေါင်းက အမျိုးသမီး ​အင်္ဂါလမ်း​ကြောင်းအဆုံးနဲ့ သားအိမ် တို့ ဆုံတဲ့​နေရာမှာရှိတာပါ။ ခု​​ခေတ်မှာ ကင်ဆာ​ရောဂါ ဆိုတာက မကြားချင်မှ အဆုံးပါပဲ။ ဘယ်သူ​တော့ ဘယ်ကင်ဆာ ဘယ်ဝါ​တော့ ဘာကင်ဆာ ဖြစ်လို့ဆိုပြီး ကြား​နေကြရတာပါ။ အစာအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ ဆိုပြီး ကင်ဆာ အမျိုးမျိုး ဖြစ်​​နေကြတာပါ။သားအိမ်​ခေါင်းကင်ဆာ ဆိုတာက သားအိမ်​ခေါင်းမှာရှိတဲ့ ဆဲလ်​တွေက ပုံမှန် မဟုတ်​ဘော့ဘဲ ကင်ဆာ အဖြစ်သို့ ​ပြောင်းပြီး ပုံမှန်မဟုတ်ဘဲ ပွားများ အမြစ်တွယ် ပျံ့နှံ့လာတဲ့အခါ ​ရောဂါလက္ခဏာ​တွေကို ခံစား​စေရတာပဲ ​ဖြစ်တယ်။

သားအိမ်​ခေါင်းကင်ဆာ Read More »

ခါးနာခါးကိုက်ခြင်း၊ ခါးဆစ်ရိုးနု ကျွံထွက်ခြင်းနှင့် ​နောက်ဆက်တွဲ ဆိုးကျိုးများ

ကျ​နော်တို့ ပတ်ဝန်းကျင်မှာ ခါးနာလို့ ခါးကိုက်လို့ဆိုပြီး ခံစား​နေရသူ​တွေ၊ အလုပ်အကိုင်ပျက် အအိပ်ပျက်သူ​တွေ အများကြီးရှိကြတယ်ဆိုတာ သတိထားမိကြပါရဲ့လား။ ခါးနာ ခါးကိုက်ဆိုတာက​တော့ ခါးမှာရှိတဲ့ အရိုး၊ အရိုးနု၊ အ​ရွတ်၊ ကြွက်သား၊ အာရုံ​ကြော​တွေ ထိခိုက်​ရောင်ရမ်းခြင်း​ကြောင့်​သော်လည်းကာင်း ​ရောဂါပိုးဝင်​ရောက်ခြင်း​ကြောင့်​​သော်လည်း​ကောင်း ဖြစ်​လေ့ရှိတာပါ။ သု​တေသန​တွေရဲ့ ​ဖော်ပြချက်​တွေမှာ​တော့ လူ​​တွေရဲ့ ၆၀ ရာခိုင်နှုန်းက​နေ ၈၀ ရာခိုင်နှုန်း အထိက ခါးနာ​ခါးကိုက် ​ဝေဒနာကို ဘဝရဲ့တချိန်ချိန်မှာ ခံစားကြရပါသတဲ့။ကျ​နော်ကိုယ်တိုင်​တောင် အဲဒီ ​ရောဂါ ခံစား​နေရတာ ​ပေါ်လိုက် ​ပျောက်လိုက်ပါပဲ။အဲဒီထဲက တချို့က​တော့ ခါးဆစ်ရိုးနုဒဏ်ရာရပျက်စီးခြင်း ကျွံထွက်ခြင်း​ကြောင့် ခါးနာခါးကိုက် ​ပေါင်ကိုက် ​ခြေ​ထောက်ကိုက် ​ဝေဒနာ​တွေ ခံစား​နေကြရတာပါလို့ ဆိုကြပါတယ်။ ခါးဆစ်ရိုး၊ ခါးဆစ်ရိုးနု နဲ့ ခါးဆစ်ရိုး အာရုံ​ကြော​တွေ ဆိုတာ ဘလိုမျိုး ဖွဲ့စည်းတည်​ဆောက်ထားကြသလဲ ကျ​နော်တို့

ခါးနာခါးကိုက်ခြင်း၊ ခါးဆစ်ရိုးနု ကျွံထွက်ခြင်းနှင့် ​နောက်ဆက်တွဲ ဆိုးကျိုးများ Read More »

Vacancy Announcement(006/EHSSG 2024)

EHSSG is looking for a motivated and reliable individual to fill the “Office Cleaner” position.EHSSG မှ ‘ရုံးသန့်ရှင်းရေးဝန်ထမ်း‘ ရာထူးအတွက် စိတ်အားထက်သန်ပြီး ယုံကြည်စိတ်ချရသူတစ်ဦးကို အလုပ်ခန့်အပ်ရန် ရှာဖွေလျက်ရှိသည် အလုပ်လျှောက်ထားလိုသူများသည် ၁။ ကိုယ်ရေးရာဇဝင်အပြည့်အစုံ (CV)၂။ မိမိအား ထောက်ခံသူ (၂) ဦး၏ ဆက်သွယ်ရမည့် အချက်အလက်များနှင့် အတူ hr@ehssg.org နှင့် info@ehssg.org သို့ အီးမေးလ်လိပ်စာဖြင့် ဖြစ်စေ/ ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ မေလ ၁၄ ရက် ၂၀၂၄ ခုနှစ် ညနေ (၅) နာရီ အထိနောက်ဆုံးထား လာရောက်လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက EHSSG ရုံးဖုန်း (+၆၆)

Vacancy Announcement(006/EHSSG 2024) Read More »

Scroll to Top