August 2022

သိမှတ်ဖွယ်ရာ အံဆုံးသွား အကြောင်းခြင်းရာ

သင့်ဘဝတစ်သက်တာတွင် သင်၏ သွားနှင့်ခံတွင်း အခြေအနေသည် အပြောင်းအလဲများစွာကို ဖြတ်သန်းဖြစ်ပေါ်လျက် ရှိပါသည်။ အသက် 17 နှစ်မှ 21 နှစ်ကြားတွင် ဖြစ်လေ့ရှိသော အဓိက သွားနှင့်ခံတွင်းဆိုင်ရာ ပြောင်းလဲမှုမှတ်တိုင်တစ်ခုမှာ သင်၏ နောက်ဆုံးအံသွားများ ပေါက်လာခြင်းပင် ဖြစ်သည်။ အထူးသဖြင့် ပိုမိုရင့်ကျက်သော အသက်အရွယ်တွင် ပေါက်လာသောကြောင့် ဤသွားများကို “Wisdom Teeth” ဟု တင်စားခေါ်ဝေါ်ကြလေ့ရှိသည်။ အနေအထားမှန်ကန်စွာဖြင့် ပေါက်လာသည့် ကျန်းမာကြံ့ခိုင်သော နောက်ဆုံးအံသွားများသည် သင်၏အစာဝါးစားခြင်း လုပ်ငန်းစဥ်ကို ကူညီပေးနိုင်ပါသည်။ သွားများပေါက်သည့် အချိန်အခါတွင် အနည်းငယ် မအီမသာ ခံစားရသည်မှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် အံဆုံးသွားပေါက်သည့်အချိန်တွင် နာကျင်ခြင်းကို ခံစားရပါက ၎င်းသည် ပြဿနာများ၏ ရှေးဦးလက္ခဏာပင် ဖြစ်ပါသည်။ အံဆုံးသွားပေါက်ရန် နေရာအလုံအလောက်ရှိပါသလား ? အံဆုံးသွားများ ပေါက်လာသည့်အချိန်တွင် […]

သိမှတ်ဖွယ်ရာ အံဆုံးသွား အကြောင်းခြင်းရာ Read More »

ကိုယ်ဝန်ဆောင်မိခင်များအတွက် သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ သိ‌ကောင်းစရာများ

ကိုယ်ဝန်ဆောင်ချိန်မှာ သင်၏ခန္ဓာကိုယ်တွင် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည်ကို သင်မျှော်လင့်ထားနိုင်ပါသည်။ သို့သော် သင်၏ခံတွင်းအတွင်းတွင်လည်း အပြောင်းအလဲများ ဖြစ်လာနိုင်သည်ကို သင်သိပါသလား။ ကိုယ်ဝန်ဆောင်ခြင်းသည် သွားနှင့်ခံတွင်း ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေကို တိုးလာစေပြီး အဆိုပါပြဿနာများသည် သင့်ကိုယ်ဝန်ကို ထိခိုက်စေနိုင်ပါသည်။ အချို့သော သုတေသနပြုချက်များအရ ပြင်းထန်သော သွားမြစ်ဝန်းကျင် တစ်ရှူးရောင် ရောဂါ (Periodontitis) သည် လမစေ့ဘဲမွေးခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများထဲမှ တစ်ခုဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း သားဖွားမီးယပ် ဆရာဝန်ထံ ပုံမှန်သွားရောက်ပြသခြင်းအပြင် သွားနှင့်ခံတွင်းဆရာဝန်ထံ သွားရောက်ပြသမှုများ ပြုလုပ်ရန်လည်း အရေးကြီးပါသည်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ခံတွင်း၊ သွားနှင့် သွားဖုံးများကို ကောင်းမွန်စွာ ဂရုစိုက်ခြင်းသည် သင့်အား ကျန်းမာသောကိုယ်ဝန်နှင့် ကျန်းမာသောကလေးတစ်ဦးကို ပိုင်ဆိုင်နိုင်ရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ကိုယ်ဝန်ဆောင်ခြင်းသည် သင်၏ သွားနှင့်ခံတွင်းကျန်းမာရေးကို မည်သို့ထိခိုက်စေသနည်း။

ကိုယ်ဝန်ဆောင်မိခင်များအတွက် သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ သိ‌ကောင်းစရာများ Read More »

Scroll to Top